NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို
2012.04.30

Photo courtesy of 88 Generation Student website
ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အပြန်အလှန် လိုက်လျောမှုကို ဖော်ပြလိုက်သလို NLD ကို မဲထည့်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိုးရိမ်မှုကိုလည်း ဖြေရှင်းပေးရာ ရောက်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကျမ်းကျိန်လွှွာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ဧပြီလ(၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။