ရှေ့နေဦးမြင့်အေး လိုင်စင်ရုပ်သိမ်းခံရမှု သတင်းပြင်ဆင်ချက်
2015.12.12
ဒီဇင်ဘာလ ၂ ရက်နေ့ RFA ရဲ့ ညပိုင်းအစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးမြင့်အေး လိုင်စင်ရုပ်သိမ်းခံရတဲ့သတင်းမှာ “ရှေ့နေဦးမြင့်အေးကို ပြည်ထောင်စုရှေ့နေချုပ်ရုံး က လိုင်စင်ရုပ်သိမ်းလိုက်တဲ့အကြောင်း” တင်ပြခဲ့ပါတယ်။
အဲဒီလို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးမြင့်အေးကို လိုင်စင်ရုပ်သိမ်းခဲ့တယ်လို့ မှားယွင်းဖေါ်ပြမိတာကို တောင်းပန်အပ်ပါတယ်။
အမှန်တကယ်တော့ ဦးမြင့်အေးကို ရှေ့နေလိုင်စင်ရုပ်သိမ်းတဲ့ဌာနဟာ “ ပြည်ထောင်စုတရားလွှတ်တော်ချုပ်-ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး” က ဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။