နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

2012.01.25
norway-fm-b305 မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က လာရောက် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - RFA)
RFA

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အရင်က မြန်မာနိုင်ငံမှာ နော်ဝေး ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တားမြစ်ထားချက်တွေကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပြီး နော်ဝေးနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ဟန့်တားထားတဲ့ အစိုးရ အကြီးအကဲတွေ စာရင်းကိုလည်း ပြင်ဆင်လိုက်ပြီလို့ ဆိုပါတယ်။

ဒီလို နော်ဝေအစိုးရဘက်က အပြောင်းအလဲတွေ လုပ်ပေးတာဟာ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတာပါလို့ နိုင်ငံခြားရေးဝန်ကြီး ယိုးနတ်စ်က ပြောပါတယ်။

လတ်တလော နော်ဝေအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေ ဆက်လက် တိုးတက်လာဖို့ရာမှာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကလည်း အရေးကြီးတဲ့ စဉ်းစားစရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒ သဘောထားကို စံနမူနာ သတ်မှတ်ပြီး နော်ဝေအစိုးရက သံတမန် ဆက်သွယ်မှု ထားဖို့လည်း စဉ်းစားသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။