မြစ်ကြီးနားလေဆိပ် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

RFA Burmese
2024.03.11
မြစ်ကြီးနားလေဆိပ် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ မြစ်ကြီးနားလေဆိပ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီလို့ မြစ်ကြီးနားမြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

လေယာဉ်လက်မှတ် ရောင်းချနေသူတစ်ဦးကတော့ မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၁ ရက်ဒီနေ့မှာ လေယာဉ်နှစ်စီး ဆိုက်ရောက်မှာဖြစ်ပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေပြီလို့ RFA ကို ပြောပါတယ်။

"မနေ့ကတည်းက Mingalar Air စဆွဲပါတယ်။ ဒီနေ့တော့ နှစ်စီးဆိုက်မှာ ဟုတ်တယ်။ လေဆိပ်ကို ဒီမနက် ဖုန်းဆက်ပြီး confirm (အတည်ပြု) လိုက်တော့ Mingalar Airlines နဲ့ MNA Airlines ဆွဲပါမယ်လို့ သိထားပါတယ်"

တိုက်ပွဲပြင်းထန်နေတဲ့ မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးမပေးနိုင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လေဆိပ်ကိုပိတ်ခဲ့တာပါ။

လေဆိပ်ပိတ်လိုက်ချိန်မှာ နစ်နာခဲ့ရတဲ့ ခရီးသွားတွေကိုလည်း ငွေပြန်ပေးတာနဲ့ လေယာဉ်လက်မှတ် အစားထိုး စီစဉ်ပေးတာမျိုးတွေ လုပ်ပေးခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဗန်းမော်လေဆိပ်ပစ်ခတ်ခံရပြီး လေယာဉ်ပြေးလမ်း ထိခိုက်ပျက်စီးသွားတာကြောင့် လေယာဉ်ပြေးဆွဲမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန် - မြစ်ကြီးနား လေယာဉ်လက်မှတ်တစ်စောင်ကို ငွေကျပ်နှစ်သိန်းကျော်သာ ရှိခဲ့ပေမယ့် လက်ရှိ လေးသိန်းခန့်အထိ မြင့်တက်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။