မြန်မာတွေလျော်ကြေးရဖို့ သံရုံးနဲ့ ကုမ္ပဏီညှိနိုင်း


2015.05.20
myanmar-slave-workers-305 ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၅ ဦး မေလ ၉ ရက်နေ့ က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာစဉ်
Photo: Aung Ko Ko/RFA

အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေ မှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံခဲ့ရသူ မြန်မာနိုင်ငံ သားတွေ လျော်ကြေးရရှိရေးအတွက် မြန်မာသံရုံးနဲ့ သက်ဆိုင်ရာကုမ္ပဏီတို့ ညှိနှိုင်းပြောဆိုနေကြပါတယ်။

ဒီကိစ္စအတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဆန်းမြင့်ဦး အပါအဝင် သံရုံးအရာ ရှိတွေဟာ အင်ဒိုနီးရှားရှေ့နေများအသင်းက ရှေ့နေနှစ် ဦး၊ မြန်မာအလုပ်သမားတွေကိုခိုင်းစေခဲ့တဲ့ အင်ဒိုနီးရှား ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေ ကြကြောင်း ထိုင်းနိုင်ငံထုတ်နေးရှင်းသတင်းက ဖေါ်ပြ ပါတယ်။

မြန်မာအလုပ်သမားတွေအတွက် လုပ်ခလစာကို ထိုင်းနိုင်ငံမှာရှိတဲ့ ကိုယ်စားလှယ်ရုံးကတဆင့် ပေး ခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်သမားတွေ ရ မရ မသိရသေးကြောင်း အင်ဒိုနီးရှားကုမ္ပဏီက ပြောပါတယ်။

ဒါ့ပြင် ဘင်ဂျီနာကျွန်းပေါ်မှာ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံသား ၁၉၇ ယောက်ကို မြန်မာနိုင်ငံပြန်ပို့ရေး ကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မြန်မာနိုင်ငံသား ၁၂၅ ယောက်၊ မေလ ၁၇ ရက်နေ့မှာ ၁၂၈ ယောက်ကို တိုင်းပြည်ပြန်ပို့ခဲ့ပြီး၊ ကျန်တဲ့ ၁၉၇ ယောက်ကို မေလ ၂၂ ရက်နေ့မှာ ပြန်ပို့ဖို့စီစဉ်ထားကြောင်း သိရပါတယ်။

အလုပ်သမားတချို့ဟာ အလုပ်လုပ်နေစဉ်အတွင်း ကိုယ်ခန္ဒာအောက်ပိုင်း ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အတွက် ဘီးတပ်ကုလားထိုင်တွေကို အသုံးပြုနေရပါတယ်။

မြန်မာအလုပ်သမားတွေကို ကုမ္ပဏီတွေက ထိုင်းနာမည်တွေနဲ့ မှတ်ပုံတင်ထားတဲ့အတွက် စုံစမ်းရှာဖွေဖို့နဲ့ တိုင်းပြည်ပြန်ပို့နိုင်ဖို့ အခက်အခဲဖြစ်ရတယ်လို့ မြန်မာသံရုံးကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။