ကုလကိုယ်စားလှယ် သြစတြေးလျမှာ မြန်မာ့အရေး ဆွေးနွေးမည်

RFA Burmese
2024.09.30
ကုလကိုယ်စားလှယ် သြစတြေးလျမှာ မြန်မာ့အရေး ဆွေးနွေးမည် ၂ဝ၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး။
Photo: UN Web TV

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ဩစတြေးလျနိုင်ငံကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ တရားဝင်ခရီးသွားရောက်ပြီး မြန်မာ့အရေးဆွေးနွေးဖို့ ရှိပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စက်တင်ဘာ ၃ဝ နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဩစတြေးလျနိုင်ငံရဲ့ သဘောထားအပါအဝင် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးအတွက် သြစတြေးလျအစိုးရအနေနဲ့ ရပ်တည်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမှာ ဖြစ်ပြီး သြစတြေးလျအစိုးရကိုယ်စားလှယ်တွေနဲ့ ကင်ဘာရာမှာ တွေ့ဆုံမယ်လို့လည်း ဆိုပါတယ်။

မစ္စတာ တွမ်အင်ဒရူးဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ကို သွားရောက်ပြီး ကျွမ်းကျင်သူတွေ၊ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ လူသားချင်းစာနာရေးဆိုင်ရာနဲ့ ဒုက္ခသည်ရေးရာ အဖွဲ့အစည်းတွေ၊ မြန်မာနဲ့ အာဆီယံအရေးဆောင်ရွက်ပေးနေတဲ့ သြစတြေးလျ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းအခြေချခဲ့ကြသူတွေ အပါအဝင် အဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။