တော်လှန်ရေးသမားတွေ နိုင်ငံတစ်ဝက် စိုးမိုးထားပြီလို့ နယူးယောက်တိုင်းမ် သတင်းထောက်ပြော

RFA Burmese
2024.06.25
တော်လှန်ရေးသမားတွေ နိုင်ငံတစ်ဝက် စိုးမိုးထားပြီလို့ နယူးယောက်တိုင်းမ် သတင်းထောက်ပြော KNDF စစ်ဗျူဟာ အမှတ် (၇) မှပြုလုပ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပစဉ်။
Telegram/ KNDF

မြန်မာနိုင်ငံ တစ်ဝက်ကျော်လောက်ကို တော်လှန်ရေးလက်နက်ကိုင်တွေဘက်က ထိန်းချုပ်ထားနိုင်နေပြီလို့ နယူးယောက်တိုင်းမ် သတင်းထောက် Hannah Beech က ပြောလိုက်ပါတယ်။

အာဏာမသိမ်းခင်က လက်နက်တစ်ခါမှ မကိုင်ဖူးခဲ့တဲ့ လူငယ်တွေပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီလောက်ထိ နယ်မြေစိုးမိုးထားနိုင်တာဟာ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သူက မှတ်ချက်ပြုပြောပါတယ်။

နယူးယောက်တိုင်းမ် သတင်းထောက် Hannah Beech ဟာ ပြီးခဲ့တဲ့လပိုင်းက ကယားပြည်နယ်က ကရင်နီလက်နက်ကိုင်တော်လှန်ရေးတပ်တွေဆီ သွားရောက်သတင်းယူခဲ့တာဖြစ်ပြီး၊ သူ့ရဲ့အတွေ့အကြုံတွေကို နယူးယောက်တိုင်းမ်ရဲ့ ပေါ့ကတ်ကနေ မနေ့က ပြန်လည်ဝေမျှပြောဆိုတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဆီဟာ ခေတ်မှီစစ်လက်နက်ကြီးတွေပိုင်ဆိုင်ထားပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်လုပ်ဒရုန်းတိုက်ခိုက်နိုင်စွမ်းကလည်း စစ်ကောင်စီအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစု လူငယ်တွေဟာ ဒရုန်းသုံးပုံတွေကို အင်တာနက်ကနေ လေ့လာဆန်းသစ်နေကြသလို၊ ယူကရိန်းနိုင်ငံအပါအဝင် နိုင်ငံခြားက အဖွဲ့တွေလည်း ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိစစ်ပွဲမှာ တော်လှန်ရေးအင်အားစုတွေ အားသာနေတဲ့အချက်ဟာ… အရင်က တိုင်းရင်းသားလက်နက်ကိုင်ချင်း အဆင်မပြေတဲ့အဖွဲ့တွေရှိခဲ့ပေမဲ့ အခုတော့ မြန်မာစစ်တပ်ကိုပြန်တိုက်မယ်ဆိုတဲ့ ဘုံခံယူချက်တစ်ခုတည်းနဲ့ အားလုံးစုစည်းသွားကြတာ၊ မြို့ပေါ်ကရောက်လာတဲ့ လူငယ်တွေကို လက်ခံထားပြီး စစ်ပညာသင်ပေးတာကြောင့် ဖြစ်တယ်လို့ Hannah Beech က ထောက်ပြပြောဆိုပါတယ်။

ဒီစစ်ပွဲဘယ်လိုပြီးသွားမလဲဆိုတာကတော့ အင်မတန်ပြောဖို့ခက်ပေမဲ့ တောထဲရောက်လူငယ်တွေကတော့ သူတို့အသက်ကိုမမှုဘဲ အနာဂတ်ကောင်းစားရေးအတွက် တစ်ရက်ပြီး တစ်ရက်ဆက်တိုက်နေကြတယ်လို့လည်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။