တရုတ် ကယ်ဆယ်ရေးအဖွဲတွေရဲ့ လုံခြုံရေးကို အာမခံဖို့ တရုတ်အစိုးရပြော

2025.04.02
တရုတ် ကယ်ဆယ်ရေးအဖွဲတွေရဲ့ လုံခြုံရေးကို အာမခံဖို့ တရုတ်အစိုးရပြော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂ရက်က တွေ့ရစဉ်။ (Photo: Chinese Embassy in Myanmar's facebook)
Photo: RFA

ငလျင်ဘေးအတွက် မြန်မာနိုင်ငံကိုလာတဲ့ တရုတ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ဧပြီလ ၂ရက်မှာ ပြောဆိုလိုက်ပါတယ်။

ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းတွေပါတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းဟာ ဧပြီလ ၁ရက်နေ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မတီးရွာအနီး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဧပြီလ ၂ရက်မှာ အခုလိုပြောလိုက်တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငလျင်ကယ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး တရုတ်ကြက်ခြေနီအသင်းက ပေးပို့ခဲ့တဲ့ သဘာဝဘေး ကယ်ဆယ်ရေး ပစ္စည်းတွေလည်း မန္တလေးကို ပို့ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ကြီးမားတဲ့ကပ်ဘေးကြီး ရင်ဆိုင်ရတဲ့အခါ လူ့အသက်တွေဟာ အရေးကြီးဆုံးဖြစ်လို့ လက်ရှိဦးစားပေးရမဲ့ကိစ္စဟာ ငလျင်ဘေး ကယ်ဆယ်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ တရုတ်ကြက်ခြေနီယာဉ်တန်းကို သူတို့ သေနတ်နဲ့ပစ်ခတ် တားဆီး ခဲ့တယ်ဆိုတာကို ဧပြီလ ၂ရက်နေ့ မနက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကနေတဆင့် ဝင်လာတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းဟာ စစ်ကောင်စီကို ကြိုတင်အကြောင်းကြားတာ မရှိတဲ့အတွက် သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပြီး တားဆီးခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။