တရုတ်-မြန်မာနယ်စပ်မှာ ကိုဗစ်ကူးစက်မှု သုံးဆမြင့်တက်

2021.07.20
တရုတ်-မြန်မာနယ်စပ်မှာ ကိုဗစ်ကူးစက်မှု သုံးဆမြင့်တက် ၂ဝ၂၁ ဇူလိုင်လ ၅ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးဖို့ နှာခေါင်းတို့ဖတ် ရယူနေစဉ်။
Photo: Reuters

မြန်မာနဲ့နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် သုံးဆကျော် တိုးမြင့်လာကြောင်း ပြည်နယ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောကြောင်း AsiaNews သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဇူလိုင်လ ၆ ရက်နေ့က တရုတ် မြန်မာနယ်စပ် ရွှေလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ ဦးတွေ့ရှိခဲ့ပြီး၊ ဇူလိုင်လ ၇ ရက်နေ့မှာ ၄၉ ဦး တွေ့ရှိခဲ့ပါတယ်။ အများစုဟာ မြန်မာနိုင်ငံဘက်က ကူးစက်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကူးစက်ခံရသူ ၄၉ ဦးထဲက ၄၁ ဦးဟာ မြန်မာနိုင်ငံကနေ ပြန်လာကြတဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး ရှစ်ဦးက တရုတ်ပြည်တွင်းမှာ ကူးစက်ခံရတာလို့ သိရပါတယ်။

တရုတ်ပြည်မှာ အခုထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လေးမျိုး ထုတ်လုပ်ထားပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းမှာ တရုတ် ကာကွယ်ဆေးထိုးနှံခဲ့သူ ကျန်းမာရေးလုပ်သားတွေ ကူးစက်မှုနဲ့ သေဆုံးခဲ့ကြောင်း AsiaNews သတင်းမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။