ရုရှားလုပ် တိုက်လေယာဉ် ၃ စီး နှစ်ကုန်ပိုင်း ရောက်ရှိမည်


2016.04.27
yakovlev-yak-130-620.jpg ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျံသန်းနေစဉ်
Photo: www.imgmob.net

ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား ဂျက်တိုက်လေယဉ် ၃ စင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန် မာနိုင်ငံက ဝယ်ယူထားပြီး၊ ဒီနှစ်ကုန်ပိုင်းမှာ ပို့ပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ လေယဉ်မှူးနှစ်ယောက်စီး အမျိုးအစားဖြစ်သလို တစ်စီးကို အမေရိကန်ဒေါ်လာ ၁၅ သန်း တန်ပါတယ်။

တိုက်လေယာဉ်မှာသုံးဖို့ အထူးပြုလုပ်ထားတဲ့ အစိတ်အပိုင်းတွေကိုတော့ နောက်နှစ်အကုန်လောက် ပို့ပေးမယ်လို့ ဆိုပါတယ်။

ဒီတိုက်လေယာဉ်ကို ၁၉၉၀ ခုနှစ်က စတီထွင်ခဲ့ပြီး၊ အခုနောက်ပိုင်း ပြန်လည်ဆန်းသစ်ထားတဲ့ မျိုးဆက်သစ်ဖြစ် ပါတယ်။

ဒီလေယာဉ်ကနေ ဒုံးခွင်းဒုံးတွေ အသုံးပြုနိုင်သလို၊ ဝေဟင်ကနေ မြေပြင်ကိုလည်း ပစ်မှတ်ထိအောင် တိုက်ခိုက်နိုင် စွမ်းရှိတယ်လို့သိရပါတယ်။

ဒီတိုက်လေယာဉ်တွေဝယ်ဖို့ မြန်မာဘက်က ၂၀၁၅ ခုနှစ် ဇွန်လကတည်းက စာချုပ်ချုပ်ထားပြီး၊ ဝယ်ပြီး ၃ နှစ် အကျော်မှာ အတိုးပေးရမယ်လို့လည်း သိရပါတယ်။ ဒီတိုက်လေယာဉ်အမျိုးအစားကို လက်တင်အမေရိ ကနိုင်ငံတွေ၊ မြောက်အာဖရိကနိုင်ငံတွေကလည်း စိတ်ဝင်စားကြသလို၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်နဲ့ အယ်လ်ဂျီးရီးယားက ဝယ်ထားပြီးပြီလို့ သိရပါတယ်။

ဒီအတောအတွင်း အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်နက်ရောင်းဝယ်မှုဆိုင်ရာ ပိတ်ဆို့မှုကို နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်လိုက်ပါတယ်။ ဒီပိတ်ဆို့မှု သက်တမ်းဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိဖြစ်တယ်လို့ အီးယူရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။