တောင်ဒဂုံမြို့နယ်က ယာယီဝတ်ပြုဆောင်သုံးခု ပြန်ပြီးခွင့်ပြု


2019.05.16
mosque-622 တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက်အတွင်းက ယာယီ အစ္စလာမ်ဝတ်ပြုကျောင်းဆောင်။
Photo: RFA

တောင်ဒဂုံမြို့နယ်မှာ မိုက်ကယ်ကျော်မြင့်ဆိုသူ ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ လာရောက် ပိတ်ခိုင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင် သုံးခုစလုံးကို ရန်ကုန်တိုင်းရဲမှူးက ဒီကနေ့ညနေပိုင်းမှာ ပြန်ပြီး ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။

ပြန်လည်ဝတ်ပြုရာမှာ လုံခြုံရေးအပြည့်အဝ ပေးမယ်ဆိုပြီး ဝတ်ပြုဆောင်တာဝန်ခံတွေကို ရန်ကုန်တိုင်းရဲမှူးက ပြောခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက်က ယာယီဝတ်ပြုဆောင်တာဝန်ခံ ဦးအောင်နိုင်က RFA ကို အတည်ပြုပြောကြားပါတယ်။

ယာယီဝတ်ပြုဆောင်တွေမှာ ဒေသခံအစ္စလာမ်ဘာသာဝင်တွေ ဆက်ပြီး ဝတ်ပြုမယ် မပြုဘူးဆိုတာတော့ မသေချာသေးဘူးလို့ ဦးအောင်နိုင်က ဆက်ပြောပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်ညတွေမှာ တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက်၊ ၂၆ ရပ်ကွက်နဲ့ ၆၄ ရပ်ကွက်က ယာယီဝတ်ပြုဆောင်တွေကို အမျိုးသားရေးလှုပ်ရှားသူ နှစ်ရာလောက်က လာရောက်ပိတ်ခိုင်းတာဖြစ်ပါတယ်။

ဒီဝတ်ပြုဆောင်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွင်း ဝတ်ပြုဖို့အတွက် ယာယီဝတ်ပြုဆောင် အဖြစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်ပြုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။