ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ၈၈ အဖွဲ့နဲ့ တွေ့ဆုံ
2014.07.26

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
Ms Yanghee Lee နဲ့ ဆွေးနွေးဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက အခုလိုပြောပါတယ်။
"ကိုယ့်ပြည်တွင်းမှာရှိတဲ့ လူတွေက ပိုပြီးအဓိက ကျတယ်ပေါ့ဗျာ၊ နိုင်ငံတကာက ဝိုင်းရံပြီးသွားမယ် ဆိုလို့ရှိရင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို မြန်မြန် ဆန်ဆန် ရောက်နိုင်မယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ စကားပြောဖြစ်ပါတယ်၊ သူလည်း အကြံပြုထား တာတွေရှိပါတယ်"
၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြသလို မြန်မာနိုင်ငံမှာ လူကုန်ကူးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Ms Yanghee Lee ဟာ သူ့ရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ ကချင်ပြည်နယ်နဲ့ မန္တလေးမြို့တို့ကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
Ms Yanghee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ RFAသတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။