MOU စနစ်နဲ့သွားတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော် အလုပ်မရှိဘဲဖြစ်နေ


2017.10.06
mou-workers-thai-622.jpg အလုပ်မရှိဘဲဖြစ်နေတဲ့ ထိုင်းနိင်ငံ မဟာချိုင်နယ်မြေက MOU မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
Photo: MoU လုပ်သားများ

မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမား အရေအတွက်  ၅၀၀ လောက်ဟာ အလုပ်မရှိဘဲ ဒုက္ခရောက်နေတယ်လို့ မြန်မာအလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကနေ သိရပါတယ်။

ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်မရှိဘဲနဲ့ အလုပ်သမားတွေ ခေါ်သွင်းတာကြောင့် ထိုင်းကိုရောက်လာတဲ့ MOU အလုပ်သမားတွေဟာ အလုပ်မရှိဘဲ အခက်အခဲတွေ့နေတာ ဖြစ်တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

"အခုဖြစ်နေတဲ့ အနေထားကတော့ မြန်မာနိုင်ငံကနေပြီးတော့ မြန်မာအေဂျင်စီတွေနဲ့ ထိုင်းအေဂျင် စီတွေ ချိတ်ချိတ်ပြီးတော့ ခေါ်သွင်းလာတာကတော့ ဆပ်ဘ် ကန်ထရိုက်တွေဖြစ်တယ်။ ပို့ချင်တဲ့လုပ်ငန်း ကို ပို့နေတဲ့စနစ်ဖြစ်နေတယ်။ ဒီမြန်မာအာဏာပိုင်တွေကလည်း စစ်ဆေးမှုအားနည်းတဲ့အတွက် ဒီစက်ရုံမှာ အလုပ်ရှိမရှိ မသေချာဘဲနဲ့ စာချုပ်လက်မှတ်ထိုးပြီးတော့ လူတွေကို တရားဝင်စနစ်နဲ့ MOU စနစ်နဲ့ ဝင်လာတယ်။ ထိုင်းကို ဝင်လာတဲ့အချိန်မှာ သူတို့ခေါ်ထားတယ်ဆိုတဲ့ အလုပ်ရုံက နာမည် ပဲ လေဘာကတ်ထဲ စမတ်ကတ်ထဲ ပါပေမယ့် တကယ်တော့ အဲ့အလုပ်ရုံမှာ အလုပ်မရှိ၊ MOU အလုပ်သမားက စည်းကမ်းတွေ ချိုးဖောက်ခံရပြီးတော့ ဒီမှာ ဒုက္ခတွေ ပင်လယ်ဝေနေတယ်။"

လက်ရှိအချိန်မှာ နှစ်နိုင်ငံ သဘောတူညီမှု MOU နဲ့သွားတဲ့ အလုပ်သမားတွေထဲက ထိုင်းနိုင်ငံက AAC ရုံးခန်း မှာ နေထိုင်နေရတဲ့ အလုပ်သမား အယောက် ၇၀ ကျော်၊ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းရုံးမှာနေတဲ့ အယောက် ၄၀ ဝန်းကျင်နဲ့ မဟာချိုင်မှာနေထိုင်တဲ့ အယောက် ၁၅၀ အပါအဝင် အလုပ်သမား ၅၀၀ လောက် အလုပ်မရှိဖြစ်နေတယ်လို့လည်း သိရပါတယ်။

မြန်မာအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ဖို့အတွက် MOU စနစ်နဲ့ ရောက်ရှိလာတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နဲ့ တွေ့ဆုံတုန်းကလည်း ဒီအချက်တွေကို တင်ပြခဲ့တယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။