ဒု ရဲမှူးဟောင်း မိုးရန်နိုင် ဇန်နဝါရီ မှာ မလွတ်သေး
2018.12.31

ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ပြန်လွတ် မြောက်လာနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်မယ်ဆိုပြီး ဒု ရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးတူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် အဲဒီသတင်းကို အကျဉ်းဦးစီးဌာနတာဝန်ရှိသူ က RFA ကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ၂ ဦး အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး တရားရုံးမှာ သူကြုံတွေ့ သိရှိတဲ့အတိုင်း မကြောက်မရွံ့ ထွက်ဆိုခဲ့တဲ့အတွက် တရားလိုရှေ့နေဘက်က မယုံကြည်ရသက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။