၂၀၁၆ ခုနှစ်က ရောက်သွားသူတွေကိုပဲ မြန်မာဘက်က ပြန်ခေါ်ဖို့ စဉ်းစားမည်
2017.10.03
ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးသွားတယ်ဆိုသူတွေထဲမှာ ၂၀၁၆ ခုနှစ်က ရောက်သွား တဲ့သူတွေကိုပဲ ပြန်ခေါ်ဖို့စဉ်းစားမယ်လို့ မြန်မာကိုယ်စားလှယ်ဘက်က ပြောဆိုတဲ့အကြောင်း နှစ်နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးက AFP သတင်းဌာနကိုပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကတော့ သူ့ဆီမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင် ၉ သိန်းလောက်ရှိနေပြီး အဲဒီလူတွေအားလုံး ကိုပြန်ခေါ်ဖို့ တောင်းဆိုထားတယ်လို့ဆိုပါတယ်။ အဲဒီ ၉ သိန်းထဲမှာ ၅ သိန်းက လတ်တလောဖြစ် ရပ်ကြောင့် ရောက်လာသူတွေဖြစ်ပြီး၊ မနှစ်က ရောက်လာသူက ၁ သိန်း၊ ၁၉၉၀ နောက်ပိုင်းရောက်နေသူ က ၃ သိန်း လောက်ရှိတယ်လို့ ဆိုပါတယ်။
အစောပိုင်းရောက်နေသူတွေ ပြန်ခေါ်ဖို့အတွက် သူတို့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ အခုဆွေးနွေးပွဲတက်လာ တဲ့ မြန်မာကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့လည်း သူကပြောပါတယ်။