၀န်ကြီးချုပ် ဦးမင်းမင်းကို တာဝန်အားလုံး ကနေ နှုတ်ထွက်ခွင့်ပြု


2017.02.23
mon-minister-minminoo-620.jpg မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရရုံးမှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဝန်ကြီးချုပ်ရာထူးနဲ့ ပူးတွဲတာဝန်ယူထားတဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးရာထူးပါ နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

သူ့ကိုနိုင်ငံတော်သမ္မတက နှုတ်ခွင့်ပြုတဲ့စာပေးပို့လိုက်ပြီလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက အတည်ပြုပြောကြားပါတယ်။.

"မိမိသဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုလိုက်ပြီ၊ ဝန်ကြီးချုပ်ရော စည်ပင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးရော၊ ပို့လိုက်ပြီ ကျနော့်ဆီရောက်ပါပြီ"

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်နဲ့ သူပူးတွဲတာဝန်ယူထားတဲ့ စည်ပင်သာယာရေး ဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးရာထူးတွေ နှုတ်ထွက်ခွင့်တင်ထားတာ ဖြစ်ပါတယ်။

ဒါအပြင့် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်သွားမှာဖြစ်ပြီး စီးပွားရေးကိုသာ လုပ်မယ်လို့ ဦးမင်းမင်းဦးက ပြောပါတယ်။

သူ့အနေနဲ့ အများပြောသလို ချောင်းဆုံတံတားကိစ္စကြောင့်ချည်း နှုတ်ထွက်တာမဟုတ်ပဲ  အခြားကိစ္စပေါင်း များစွာတွေကြောင့် နှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။

ဦးမင်းမင်းဦးဟာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)ကနေ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးခံထားရာကနေ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာဖြစ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုထံ တိုင်ကြားခံရသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခေါ်ယူမေးမြန်းမှုကို ခံရသူလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်တာ ဒါပထမဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။