ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် ထိုင်းနိုင်ငံ ရောက်ရှိ
2016.05.25

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်း ဝန်ကြီးချူပ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အပါအဝင် ထိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် ဘန်ကောက်မြို့ကို ဒီကနေ့မနက် လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဖြစ်တယ်လို့ ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဍဟန် က RFA ကို ပြောပါတယ်။
"ဒီဖက်က ထိုင်းအစိုးရက ဖိတ်ကြားချက်နဲ့ တရားဝင်လာရောက်တဲ့ ခရီးစဉ်ပါ၊ စစ်သံရုံး ကလုပ်တာဆိုတော့ ကျနော်တို့မှာ အတိအကျ ပေးမထားဘူးခင်ဗျား၊ စစ်ဦးစီးချူပ်နဲ့ တွေ့မယ် သေချာတယ်၊ ပြီးတော့ နောက်တစ်ခါ ဝန်ကြီးချုပ်နဲ့ တွေ့ပါမယ်၊ ပြီးတော့ ကျနော်တို့ ဗိုလ်ချုပ်ကြီး ထနာဆက်ပေါ့နော် သူနဲ့တွေ့ပါ မယ်၊ နောက်တစ်ခုက ဒီပရိုက်ဗယ်ကောင်ဆယ် က ဂျနရယ်ပရမ်နဲ့ တွေ့ပါမယ်ခင်ဗျ"
ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မေလ ၂၇ ရက်နေ့ အထိ ၃ ရက်ကြာနေထိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့မှာရှိတဲ့ စစ်စခန်းတချို့ကို သွားရောက် လေ့လာမယ် လို့လည်း သိရပါတယ်။