ပိုးလမ်းမစီမံကိန်း အောင်မြင်နိုင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြော


2019.04.11
minaunghlaing-china-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ Mr.Xi Jinping တို့ ၂၀၁၉ ဧပြီ ၁၀ ရက်နေ့က တွေ့ဆုံစဉ်
Photo: cincds.gov.mm

တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို အောင်မြင်မယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာတပ်မတော်အနေနဲ့ ဒီစီမံကိန်း အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr.Xi Jinping နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မနေ့ကတွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေတွေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စတွေနဲ့ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေး ခဲ့ကြောင်းသိရပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ Mr.Xi Jinping တို့ အခုတွေ့ဆုံမှုဟာ ၅ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။