နေပြည်တော်မှာ စစ်လေယာဉ် တစ်စီး ပျက်ကျ၊ ၅ ဦးသေဆုံး


2016.02.10
plan-crash-620.jpg နေပြည်တော်၊ ကြံ့ခင်းကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်လေယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်ကနေ ထွက်ခွာခဲ့တဲ့ တပ်မတော် (လေ)က သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးဟာ ဒီကနေ့မနက်က လယ်ဝေးမြို့နယ်၊ သဲကောနဲ့ ကြံ့ခင်းကျေးရွာအနီးမှာ ပျက်ကျခဲ့ပြီး အရာရှိနဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ပါတယ်။

နေပြည်တော်လေဆိပ်ကနေ ပျံသန်းပြီး မကြာမီ လေဆိပ်ကို ပြန်အလှည့်မှာ ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ သဲကောကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

"စက်ချို့ယွင်းတယ်လို့ပြောတာပဲ၊ စက်ချို့ယွင်းလို့ နောက်ပြန်အလှည့်မှာ ထိုးကျသွားတယ်လို့ သိရတာပေါ့၊ ငါးယောက်လို့ပြောတယ်၊ မီးတွေလောင်နေလို့ ကျနေ်တို့ အနားမကပ်နိုင်ဘူး"

စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ တပ်မတော် လေယာဉ် B-1900 ပေါ်မှာ ဗိုလ်မှူးအဆင့်ရှိသူ ၁ဦး ၊ ဗိုလ်ကြီး ၂ဦး၊ တပ်ကြပ်ကြီး  ၁ ဦးနဲ့ ဒုတပ်ကြပ် ၁ ဦး ပါဝင်ပြီး ဒုတပ်ကြပ်က တပ်မတော်စစ်ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာမှာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နဲ့ တခြားတပ်မတော် အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။