တာဝန်လစ်ဟင်းရင် နှုတ်ထွက်ပေး တဲ့ စနစ် ရှိသင့်
2014.06.29

ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေဟာ တာဝန် မကျေပြွန်တဲ့အခါ နှုတ်ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှု မျိုးဖြစ်လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရ မှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဒီနေ့ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲမှာ ဒီမိုကရေစီစနစ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့အကြောင်း ပြောစဉ်အခုလို ထည့်သွင်းပြောခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်ဟာ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာဖြစ်ကြောင်း နဲ့ ကာကွယ်ရေးဝန်ကြီးဆိုတာလည်း အရပ်သား သာ ဖြစ်ရမှာဖြစ်ကြောင်းလည်း လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။
ဒီ ဟောပြောပွဲကို ဒေသခံတွေ တစ်ထောင် နီးပါး တက်ရောက်နားထောင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ရှေ့နေ ဦးဌေးဦးတို့ကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရေးကြီးကြောင်းကို ရှင်းပြခဲ့ကြပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့် ရဲ့တင်ပြချက်ကို နားဆင်နိုင်ပါပြီ။