လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ စစ်ကောင်စီကြေညာ

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အရေးယူထားတဲ့ အနုပညာရှင်တွေအပါအဝင် ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်နေ့ မှာကြေညာပါတယ်။
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘွဲ့တံဆိပ်တွေချီးမြှင့်တာကိုလုပ်ဆောင်မယ့်အပြင် အကျဉ်းသားတွေကိုလည်း လွှတ်ပေးမှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
၅၀၅ (က) နဲ့ အနုပညာရှင်တွေကိုပါ ထည့်ပြောထားတော့ ပိုပြီးအကန့်အသတ်ဖြစ်တယ်။ တကယ့်နိုင်ငံရေးဆန္ဒရှိလို့ လွှတ်တာဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က "၅၀၅ (က) လို့ပြောတဲ့အတွက် အကန့်အသတ်နဲ့ပဲလွှတ်မှာ ဒါက လွတ်ငြိမ်းချမ်းသာမဖြစ်နိုင်ဘဲ လွတ်ငြိမ်းသက်သာပဲဖြစ်မှာ။ ၅၀၅ (က) နဲ့ အနုပညာရှင်တွေကိုပါ ထည့်ပြောထားတော့ ပိုပြီးအကန့်အသတ်ဖြစ်တယ်။ တကယ့်နိုင်ငံရေးဆန္ဒရှိလို့ လွှတ်တာဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ ဟန်ပြသက်သက်ပဲလွှတ်တာဖြစ်တယ်။ နိုင်ငံတကာကို ပြချင်လို့လုပ်တာဖြစ်တယ်။" လို့ RFA ကိုပြောပါတယ်။
ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်မှာ အနုပညာရှင်တွေထဲက အဆိုတော် စောဖိုးခွား၊ ဟာသသရုပ်ဆောင် ဆင်မ၊ သရုပ်ဆောင်ရဲတိုက် အစရှိတဲ့ အနုပညာရှင်တွေ ဖမ်းဆီးခံထားရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဦးထင်လင်းဦး၊ ဆရာမ ဒေါ်သန်းမြင့်အောင် အစရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အကျဉ်းကျခံနေရတာဖြစ်ပါတယ်။
စစ်ကောင်စီက ကြေညာတဲ့အထဲမှာတော့ ပြန်လွှတ်ပေးမယ့်သူတွေဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့အဖမ်းခံထားရသူတွေလို့ သုံးနှုန်းထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ရက်ဂေးအဆိုတော် စောဖိုးခွားကို ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အတွက် လွတ်ရက်စေ့လို့ပြန်လွှတ်ပေးခဲ့ပေမယ့် သံတောင်ကြီးမဲဆွယ်ပွဲမှာ ကိုဗစ်စည်းကမ်းတွေ မလိုက်နာမှုနဲ့ စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) ကျန်နေသေးတဲ့အတွက်ဆိုပြီး အင်းစိန်ထောင်အဝမှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း (၁၃၀၁၅) ခန့်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရသိရပါတယ်။