မီဒီယာသမားများ အရေးယူခံရမှု လွှတ်တော်မှာ NLD တင်ပြမည်


2014.07.27

သတင်းမီဒီယာသမားတွေ အရေးယူခံနေရတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ အဆိုတစ်ရပ် တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီအဆိုကို  လွှတ်တော်ဥက္ကဌဆီ မနက်ဖြန်မှာ တင်ပြမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကိုပြောပါတယ်။

"သတင်းမီဒီယာလောကကို ဝင်စစ်တာတွေ၊ ဖမ်းဆီးအကျဉ်းချတာတွေ တော်တော်များများဖြစ်လာ ပါတယ်၊ ဒီမိုကရေစီနိုင်ငံတစ်ခုကို သွားမယ်ဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိမှဖြစ်မှာပါ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ ဒီအာဏာ ၃ ရပ်ကို အပြန် အလှန်ထိန်းကျောင်းခြင်းလုပ်ဖို့ ပြည်သူလူထုရွေးချယ်တဲ့ အစိုးရရွေးချယ်တဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ဖို့ဆိုတာ မီဒီယာရှိမှဖြစ်မှာပါ၊ မီဒီယာရှင်သန်နိုင်အောင် ကျနော်က ကြိုးစားဖို့ ဒီအဆိုကိုတင်သွင်းမှပါ"

သတင်းထောက်တွေ အရေးယူခံနေရတာတွေ၊ သတင်းမီဒီယာတိုက်တွေကို အစိုးရ ရဲသတင်း အထူးတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးနေတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးနေတယ်လို့ ယူဆတဲ့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တာဝန်ပေးမှှုကြောင့် လွှတ်တော်မှာအဆိုတင်သွင်းဖို့ စီစဉ်တာလို့  သူကပြောပါတယ်။

သတင်းမီဒီယာသမားတွေ အရေးယူခံနေရတာတွေကို ဖြေလျှော့ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။