မောင်တောဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်လုပ်ဖို့ ညွှန်ကြား


2017.10.25
maungtaw-fire-622.jpg မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို ၂၀၁၇ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ် မောင်တောဒေသက ဒုက္ခသည်တွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု ရန်ပုံငွေနဲ့ နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦးတွေကို ပြန်လည်ဆောက်လုပ်ပေးဖို့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

"ရခိုင်ပြည်နယ်က အိမ်ရာပျက်စီးသွားတဲ့နေရာတွေမှာ သွားဆောက်ပေးမှာပါ။ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ရခိုင်မပါ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေက ကူညီပေးရေးအစီအစဉ်ပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လုပ်ရမှာပါ"

ပြည်နယ်နဲ့တိုင်းအစိုးရတွေကို အဆောက်အဦးဆောက်လုပ်ပေးဖို့ အရေအတွက် ခွဲတမ်းချ သတ်မှတ်ပေးထားတာ မျိုးမရှိဘဲ ဘတ်ဂျက်တတ်နိုင်တဲ့အတိုင်းအတာအလိုက် ဆောက်လုပ်ပေးဖို့ ပြီးခဲ့တဲ့တစ်ပတ်လောက်က ညွှန်ကြား ထားတာဖြစ်တယ်လို့ ဦးကျော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းဝန်ကြီးတွေဟာ မောင်တောဒေသကို ဒီနေ့သွားရောက်ပြီး အဆောက် အဦဆောက်လုပ်နိုင်ရေးကိစ္စတွေ စတင်ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။