ဘင်္ဂလားဒေ့ရှ်ကပြန်လာမယ့် လူစာရင်းထဲမှာ အကြမ်းဖက်အဖွဲ့ဝင်တွေပါဝင်နေ


2018.11.07
rohingya-refugees-622 Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: REUTERS

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ လူစာရင်းထဲမှာ လူ ၅၀ လောက်က အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်နေကြတယ်လို့ မြန်မာဘက်က သတ်မှတ်ကြောင်း  ဥရောပ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ကနဦးပေးပို့ခဲ့တဲ့ လူ ၈ ထောင်စာရင်းထဲက လူ နှစ်ထောင်ကို တရားဝင်အဖြစ် မြန်မာဘက်က ပြန်လည်အကြောင်းကြားခဲ့ပြီး၊ လူ ၅၀ ကိုတော့ အကြမ်းဖက်သမားတွေအဖြစ် တွေ့ရှိသတ် မှတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေကိုတော့ စစ်ဆေးနေဆဲမို့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။နှစ်နိုင်ငံ သဘောတူညီချက်အရ အခု နိုဝင်ဘာလလယ်ပိုင်းမှာ ဒုက္ခသည်ပထမ အသုတ်ကို စတင်လက်ခံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေဆဲဆိုတဲ့ အစီရင်ခံစာ ထွက်လာအပြီး သီတင်းတစ်ပတ်အကြာမှာ အခုလို သဘောတူညီခဲ့ကြတာပါ။

အဲဒီလို သဘောတူညီခဲ့ကြတဲ့ကိစ္စမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းတွေကို တိုင်ပင်တာလည်းမရှိ၊ ကြေညာချက်ထုတ်ပြန်တာလည်း မတွေ့ရဘူးလို့ ဥရောပကော်မရှင်က ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ လုံခြုံရေးနဲ့ ကတိကဝတ်တွေ ရှိမရှိ မသိရဘူးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။