မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့်အခြေစိုက် လက်နက်ကိုင်တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်က ဘင်္ဂလားဒေရှ့်-မြန်မာ နယ်စပ် တစ်လျှောက်မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

2013.01.27
maungdaw-security305 ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိ လူဝင်လူထွက် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။
Photo:RFA

နယ်စပ်ဒေသမှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အတိုင်း လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားရတာလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။

ဇန်နဝါရီလ- ၂၄ ရက်နေ့က  မောင်တောနယ်စပ် ဗန္ဓုလ နစကနယ်မြေအပိုင် နယ်ခြားမှတ်တိုင် အမှတ်-၄၉ နဲ့ ၅၀ အကြား လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးနဲ့ လုပ်ငန်းခွင်သုံး စက်ပစ္စည်းတွေကို အကြမ်းဖက်သမား ၁၅ ယောက်လောက်က ဝင်ရောက် ဖျက်ဆီးခဲ့ ပါတယ်။

ဆောက်လုပ်ရေး တပ်သား တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ပါဖူး။

မော်တော်ကားကို မီးရှို့ခဲ့သူတွေဟာ နယ်စပ်မှာ ပြောက်ကျားလှုပ်ရှားနေတဲ့ အကြမ်းဖက် လက်နက်ကိုင်တွေဖြစ်တယ်လို့ မောင်တောခရိုင် အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။