မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာ ၅ဝ ခန့် အရေးယူခံရ


2013.06.17

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး မလေးရှား အာဏာပိုင်တွေက တရားမဝင် အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာတွေကို ဖမ်းဆီးခဲ့ရာမှာ တရားဝင် အထောက်အထားမရှိသူတွေကို အခုလို အရေးယူလိုက်တာဖြစ်ပါတယ်။

တကယ်လု့ိ ဒီအမှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၁ သောင်း၊ အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ်တွေအထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ၁၃၇ ဦးကိုလည်း မနက်ဖြန်မှာ ဒီအမှုနဲ့ ရုံးထုတ်စီရင်မယ်လို့ ဆာပန်းတရားသူကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။