နေပြည်တော် စီးပွားရေးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်
2011.08.01

“သူ့ကို ပုဂ္ဂိလက အနေနဲ့ ဖိတ်ဖို့ရှိမယ်ဗျာ။ နိုင်ငံ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ဖို့ အတွက်ကို ပါတီတို့ ပြည်သူတို့ မခွဲခြားဘဲနဲ့ပေါ့နော်၊ အားလုံးကတော့ ပြောရရင်တော့ သန်း ၆ဝ ထဲက ပြည်သူတွေချည်း ပါပဲနော်။ အဲဒါ ဖိတ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်းချင်း မြှင့်တင်သွားဖို့ အစီအစဉ်လေးတော့ ရှိပါတယ်ဗျာ။ တဘက်ကတော့ ကမ်းလှမ်းထားတယ်ပေါ့ဗျာ၊ ကျန်တဲ့တဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော် ထင်ပါတယ်၊ သူလည်း တက်ပါလိမ့်မယ်”
ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ကိုယ်စားပြုပြီး ဖိတ်ကြားမှာ မဟုတ်ဘဲ လူပုဂ္ဂိုလ် တဦးချင်းအရ သီးသန့် ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နေပြည်တော်မှာ တတိယမြောက် ကျင်းပမှာဖြစ်ပြီး၊ မကြာသေးခင်က ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ e-Government အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။
နောက်ပိုင်းမှာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အခုကျင်းပမယ့် မက်ခရို (Macro) စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တခြား တည်ဆဲ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |