ကျောက်ဆည် သင်ပျိုရွာက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
2021.11.02

Photo: CJ
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးဟာ နိုဝင် ဘာလ ၁ ရက် မနေ့ညနေပိုင်း အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေ ၆ နာရီခန့် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီ တောင်းခံတဲ့ မီတာခတွေ ပေးဆောင်ဖို့ ကြေညာနေချိန် အပစ်ခံရတာလို့ ဆိုပါတယ်။
ကျောက်ဆည်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့ Dragon Kyaukse Defense Force (DKDF) ကတော့ ဦးသိန်းဌေးဟာ စစ်ကောင်စီအလိုကျ ငွေကြေးကို အတင်းအဓမ္မတောင်းခံနေတာကြောင့် သူတို့အဖွဲ့က ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်ဆည်မြို့နယ်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် တွေအနေနဲ့ အမြန်ဆုံးနုတ်ထွက်ကြဖို့နဲ့ နုတ်မထွက်ရင် ဆက်လက်ရှင်းလင်းသွားမယ်လို့လည်း DKDF က ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ကျောက်ဆည်မြို့အရှေ့ဘက် ကုလားကျောင်းရွာနားက စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို DKDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။