လားရှိုး နည်းပညာတက္ကသိုလ်က ဆန္ဒပြနေတဲ့ ကျောင်းသား အဖမ်းခံရ


2018.12.22
lashio-student-protest-622.jpg လားရှိုး နည်းပညာတက္ကသိုလ်က အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုစိုင်းကျော်စောဟန်ကို ၂၀၁၈၊ ဒီဇင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thu Win

လားရှိုး နည်းပညာတက္ကသိုလ်က အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုစိုင်းကျော်စောဟန်ကို လားရှိုး မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြနေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက် ၇ ချက် တောင်းဆို ဆန္ဒပြနေရာမှာ ဒီနေ့ နေ့လယ်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနဲ့ ဒီနေ့ညနေအထိ တွေ့ဆုံခွင့်မရရှိသေးကြောင်း လားရှိုးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် နန်းမွေနွန်လျမ်းက RFA ကို ပြောပါတယ်။

ကိုစိုင်းကျော်စောဟန်က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ အပိုပစ္စည်း ရောင်းချနေတာတွေကို အရေးယူပေးဖို့၊ ကျောင်းပြောင်းတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့က အလွယ်တကူ ပြောင်းခွင့်မပေးတာတွေ၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ် ကျောင်သားများ သမဂ္ဂ အဖွဲ့ အလံကို သိမ်းယူခံရတာတွေနဲ့ စာမေးပွဲရလဒ် မမျှတမှုတွေကို စိစစ်ပေးဖို့အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာ တောင်းဆိုချက် ၇ ချက်ကို မရရှိတာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာ ၆ ရက်မြောက်ရှိပြီဆိုတဲ့ ပိုစတာနဲ့ ကျောင်းသားသမဂ္ဂ အလံကို ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကိုစိုင်းကျော်ဇောဟန်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး လားရှိုးမြို့နည်းပညာတက္ကသိုလ်ရှေ့မှာ ဆန္ဒပြနေပေမယ့် ထူးခြားမှုမရှိတာကြောင့် လားရှိုးမြို့နယ်ခန်းမရှေ့ကို ဒီနေ့ပြောင်းရွှေ့ ဆန္ဒပြရာမှာ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။