အလုပ်သမားခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ILO တောင်းဆို

RFA Burmese
2024.02.01
အလုပ်သမားခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ILO တောင်းဆို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Thet Hnin Aung/ Facebook

အလုပ်သမားခေါင်းဆောင်တွေအပါအဝင် မတရားဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ အာဏာသိမ်း သုံးနှစ်ပြည့်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် မူတည်နေပြီး ဒါကို မတရားဖမ်းဆီးခံထားသူတွေကို လွှတ်ပေးပြီး စတင်သင့်တယ်လို့ ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ဆိုပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ထောင်ခုနစ်နှစ် ချမှတ်ခဲ့တဲ့အပေါ်ကိုလည်း အလွန်စိုးရိမ်မိတယ်လို့ ILO ညွှန်ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ILO က ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉.၅ ရာခိုင်နှုန်းသာ နစ်နာကြေးရခဲ့ကြတယ်လို့လည်း ILO က ဆိုပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။