ကွတ်ခိုင်မှာ ကျေးဇူးတော်ချီးမွမ်းပွဲအတွက် စပါးသွားကြိတ်တဲ့ လူငယ်တွေ ပစ်ခတ်ခံရ

2021.11.26
ကွတ်ခိုင်မှာ ကျေးဇူးတော်ချီးမွမ်းပွဲအတွက် စပါးသွားကြိတ်တဲ့ လူငယ်တွေ ပစ်ခတ်ခံရ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှာ သွားလာသူတွေကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်
Photo: RFA
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းလိန်ကျေးရွာမှာ ဆိုင်ကယ်နဲ့ စပါးသွားကြိတ်ပြီးပြန်လာတဲ့ လူငယ်သုံးဦးကို နိုဝင်ဘာလ ၂၅ ရက် မနေ့ညနေပိုင်းက အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပစ်ခတ် ခဲ့တဲ့အတွက် လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
 
ကွတ်ခိုင်မြို့နယ် ရှုခင်းသာ ပြည်ထောင်စုလမ်းမကြီးမှာ ဆိုင်ကယ်နဲ့ သွားနေစဉ် ပစ်ခတ်ခံရတာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် မောင်လမိုင်လနူးရဲ့ ခေါင်းနဲ့ လက်မောင်းအောက်တွေမှာ ကျည်နှစ်ချက်ထိပြီး သေဆုံးသွားတာလို့ဆိုပါတယ်။
 
အခြားအသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ခြေထောက်မှာတော့ ကျဉ်ထိပြီး ကွက်ခိုင်ဆေးရုံမှာ ဆေးကုသ ခံယူနေတယ်လို့လည်းပြောပါတယ်။ နောက်တစ်ဦးကတော့ လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
 
အခုလူငယ်သုံးဦးဟာ ကျေးဇူးတော်ချီးမွမ်းပွဲအတွက် ဆန်စက်ကို စပါးနှစ်အိတ်စီသယ်ပြီး သွားကြိတ်ရာကနေ အပြန်မှာ ပစ်ခတ်ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာက အသက် ၅၆ နှစ်အရွယ် ကလေး ခြောက်ဦးရဲ့ ဖခင် ဦးလဖိုင်တိန်ဟာလည်း တောင်ယာမှာ အလုပ်လုပ်နေစဉ် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီးနောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။