ပြည်သူတွေကို ကာကွယ်နိုင်ရေး KNU ဆောင်ရွက်မည်

2021.06.23
ပြည်သူတွေကို ကာကွယ်နိုင်ရေး KNU ဆောင်ရွက်မည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူတွေကို လုံခြုံရေး ယူပေးနေတဲ့ KNU တပ်ဖွဲ့ဝင်တဦး။
Photo: Thoolei News - KNU -Department Of Information

ကရင်လူမျိုးတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇွန်လ ၂၃ ရက် မနေ့က ရက်စွဲနဲ့ KNU ဌာနချုပ်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ၊ စစ်ကောင်စီက အင်အားအလွန်အကျွံ သုံးပြီး နှိမ်နင်းတာ၊ နယ်တွေမှာသာမက ပြည်မမြို့ကြီး တချို့မှာပါ တိုက်ပွဲပုံဖော်တာတွေ ဖြစ်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ဖြစ်မှာကို KNU အနေနဲ့ အထူး စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ပေးဖို့ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။