ရွှေလီမြို့မှာ ကျင်းပတဲ့ အစိုးရ နဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြုလုပ် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ KIO အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေထားရှိရေး၊ ဆွေးနွေးပွဲများ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ကြပါတယ်။

2013.02.04
kio-peace-meeting-b305 KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့တဲ့မှတ်တမ်းပုံ
RFA

ဖေဖော်ဝါရီလ မကုန်ခင် နောက်ထပ် ဆွေးနွေးပွဲဖြစ်မြောက်အောင် KIO အဖွဲ့က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ညှိနှိုင်းဖို့ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

အရင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တစ်ဖွဲ့ခြင်းမဟုတ်ပဲ UNFC အဖွဲ့နဲ့သာ ဆွေးနွေးရင် သင့်တော်မယ်လို့ ကေအိုင်အိုဖက်က ပြောထားခဲ့ပါတယ်။

ရွှေလီမြို့၊ ချင်ချန်းဟိုတယ်မှာပြုလုပ်တဲ့ ဒီကနေ့ ဆွေးနွေးပွဲကို မနက် ၉ နာရီက စတင်တာဖြစ်ပြီး  ညနေ ၄ နာရီခွဲမှာ ပြီးဆုံးပါတယ်။

ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ သံအရာရှိတစ်ဦး အပါအဝင် KNU အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပြင် RCSS/SSA ရှမ်းအဖွဲ့ဝင်များ သက်သေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ ခေါင်းဆောြင်ပီး KIOအဖွဲ့က  ဦးဆလွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင်ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။