အပစ်ခတ်ရပ်စဲရေး မြန်မာအစိုးရ ကိုယ်စားလှယ်လွှတ် ဆွေးနွေး

အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ်ကို သောကြာနေ့က ရောက်လာတယ်လို့ သိရကြောင်း တွေ့ဆုံပွဲမှာ ပါတဲ့ KIO အရာရှိတွေကို ကိုးကားပြီး ထိုင်းအခြေစိုက် ကချင်သတင်းဌာန KNG က ဖော်ပြထားပါတယ်။

2011.06.19
kio-laiza-305-z ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ပုံ
Photo: Kachin News Group

KNG က ရေးသားရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးလည်း ဖြစ်၊ ကချင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဦးသိန်းဇော်က ကချင် အတိုင်ပင်ခံကောင်စီ KNCA အဖွဲ့ဝင် ၄ ဦးကို KIO ဌာနချုပ် လိုင်ဇာကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသိန်းဇော်က … မြန်မာအစိုးရဟာ KIA နဲ့ အပစ်ရပ်ဖို့ အဆင်သင့်ရှိကြောင်း ကချင် အတိုင်ပင်ခံကောင်စီ ကတဆင့် သတင်းစကား ပါးခဲ့တယ်လို့ သိရပါတယ်။ KIO ဘက်ကတော့ အပစ်အခတ် ရပ်စဲရေးကိစ္စကို အခုလို နှုတ်နဲ့ ပြောဆိုတာမျိုး မဟုတ်ဘဲ၊ စာနဲ့ ရေးသားပြီး ပြောဆိုဖို့ ပြန်လည် တောင်းဆိုထားတယ်လို့ KNG သတင်းမှာ ရေးသားထားပါတယ်။

ဒီအတောအတွင်း KWAT ခေါ် ကချင်အမျိုးသမီး အစည်းအရုံးကလည်း စစ်အစိုးရတပ်တွေက ကချင်ပြည်သူတွေကို ထိုးစစ်ဆင်နေတဲ့ကိစ္စ ရပ်တန်းက ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ရေကာတာ စီမံကိန်းတွေမှာ အလုပ်လုပ်နေ ကြတဲ့ တရုတ်အလုပ်သမား ၂ဝဝ ကျော်ဟာ လာရင်း တရုတ်ပြည်ကို ပြန်သွားကြပြီလို့ မြန်မာအစိုးရထုတ် သတင်းစာတွေက ဖော်ပြပါတယ်။ ဧပြီလ ၉ ရက်ကနေ ၁၄ ရက်အတွင်း တရုတ်အလုပ်သမား ၂၁၅ ဦး နေအိမ် ပြန်သွားတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-19 02:29

To what extend Theinzaw and Thein Sein can do as the actual palyer of this game may be still Thanshwe and Min Ag Hlaing. Naypyidaw is directly controlling the troops in Kachin, Yes, still centralized dictatorship is still firmly behind every thing.