KIA လွှတ်တဲ့ PDF တပ်ရင်းမှူးသတ်ဖြတ်ခံရ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.04.28
KIA လွှတ်တဲ့ PDF တပ်ရင်းမှူးသတ်ဖြတ်ခံရ စစ်ကောင်စီက ပစ်သတ်မီးရှို့ခဲ့တဲ့ KIA/ PDF တပ်ရင်းမှူး ဒူဂျွန်နှင့် ကိုရဲ။
Kawlin info

KIA/ PDF တပ်ရင်းမှူးအပါဝင် ကောလင်း ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၉ ဦးကို စစ်ကောင်စီက ညှင်းပမ်းနှိပ်စက် ပစ်သတ်ပြီး အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

တပ်ရင်းမှူးနဲ့ ကိုယ်ရေးအရာရှိကို ဧပြီ ၂၆ ရက်နေ့မှာ သဲကောရွာ အရှေ့နဲ့ ရွာတောင်ဘက်မှာ နှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပြီး ပလဖအဖွဲ့ဝင် ၇ ဦးကိုတော့ ဧပြီ ၂၇ ရက်နေ့က ပေပင်ချောင်ရွာ အနောက်ဘက် တောင်ကုန်းပေါ်က ကားတစ်စီးပေါ်မှာ စုပြုံပစ်သတ် မီးရှို့ထားခဲ့တယ်လို့ ပြောပါတယ်။

ကောလင်းမြို့နယ်ထဲကို ဝန်းသိုနယ်က တက်လာတဲ့ ခြေမြန်တပ်ရင်း ၃၆၉ နဲ့ ကိုးတောင်ဘို့က တက်လာတဲ့ ခြေမြန်တပ်ရင်း ၁၃၇(မချမ်းဘော)က စစ်ကြောင်း ၂ ကြောင်းဟာ ဧပြီလ ၂၃ ရက်နေ့ကနေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

သတ်ဖြတ်ခံထားရသူတွေထဲမှာ အသက် ၁၇၊ ၁၈ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် မှာတော့ ကောလင်းကျေးရွာ ဒေသခံတွေက ရွာအတွင်း ဝင်ရောက်နေထိုင်နေပြီလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။