ခင်ဦးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်

RFA Burmese
2023.06.25
ခင်ဦးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ‌ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကန်သာသာရွာကို အင်အားနှစ်ရာဝန်းကျင်ရှိတဲ့ စစ်ကြောင်း ဇွန်လ ၂၅ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူက ကန်သာယာရွာသား ကိုဖိုးကိုဖြစ်ပြီး နောက်ထပ်ရွာသားနှစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးနဲ့ ကိုအောင်တို့ကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်စထိမှန်လို့ ရွာသားတစ်ဦး သေဆုံးခဲ့သလို ကျန်တဲ့နှစ်ဦးကလည်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကိုဖိုးကိုက ဆုံးသွားပြီ။  ကျန်တဲ့နှစ်ယောက်မှာလည်း တစ်ယောက်က ခြေထောက် ဖြတ်ရတယ်။ တစ်ယောက်က လက်ဖြတ်ရတယ်။ ဒဏ်ရာလည်းပြင်းထန်တယ်”

အဲဒီစစ်ကြောင်းဟာ ကန်သာယာရွာကနေ ဒီနေ့မနက် ၁၁ နာရီခန့်မှာ ပြန်ထွက် သွားပြီးနောက် ခင်ဦးမြို့ပေါ်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ကန်သာယာရွာခံအချို့ကတော့ စစ်ကြောင်းပြန်ထွက်သွားတာ ကြောင့် ဒီနေ့နေလယ်ပိုင်း ရွာထဲပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်အထိစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး သေဆုံးခဲ့တဲ့ အရပ်သား ၃၆၈၈ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။