ကရင်ပြည်နယ်မှာ စစ်တပ်နှင့် DKBA တိုက်ပွဲငယ်များဖြစ်ဆဲ
2010.12.21

ဒီအတောအတွင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ မြန်မာစစ်အစိုးရတပ်တွေက ရိက္ခာ သယ်ယူရေးအတွက် ဒေသခံရွာသားတွေကို အဓမ္မ ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။ မာနယ်ပလောဒေသ ဆင်ဖြူတောင်စခန်း အခြေစိုက် ခမရ ၃၃၈ က လှိုင်းဘွဲ့မြို့နယ်အတွင်း ဝိုင်းတော်၊ ကွန်းဒေါ၊ ကြာအင်း၊ ဝါးဂုတ်တော စတဲ့ ကျေးရွာတွေက ရွာသား ၂၀၀ ကျော်ကို အခု ရက်ပိုင်းအတွင်း မလိုက်မနေရ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲသွားခဲ့တယ်လို့ ကေအန်ယူ ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်ဒေသမှာတော့ ဒီကနေ့ စစ်အစိုးရတပ်တွေဘက်က ကေအန်ယူ တပ်မဟာ ၆ တပ်တွေ ရှိတဲ့ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိခဲ့ပေမဲ့ ထိခိုက်မှု မရှိဘူးလို့ ဒေသခံ ကေအန်ယူ အရာရှိတွေက ပြောပါတယ်။ အဲဒီ ဒေသမှာ ဒီကေဘီအေနဲ့ မြန်မာစစ်အစိုးရ တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်တွေဖက်က ၈ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကေဘီအေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီကေဘီအေနဲ့ မြန်မာ စစ်အစိုးရတပ်တွေအကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |