ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

2012.08.30
kachin-refugee-wf-program-b305 ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။
photo courtesy of Kachinnet.net

တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။

တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်တွေနဲ့အညီ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Patrick Ventrell ကပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေကိုရောက်မှ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ပြန်ရမှာ ဖြစ်သင့်တယ်လို့ အမေရိကန်အစိုးရက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။