သရုပ်ဖော်ပြဇာတ် စီစဉ်သူ နှစ်ဦး အမှုအတွက် မြစ်ကြီးနားမှာ ဆန္ဒပြ


2019.09.05
kachin-protest-622.jpg ကချင်စစ်ဘေးသရုပ်ဖော်ပြဇာတ် ဦးဆောင်ခဲ့သူနှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တာ ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ခံတွေ ၂၀၁၉ စက်တင်ဘာ ၅ ရက်နေ့က ဆန္ဒပြစဉ်
Photo: Elizabeth/RFA

ကချင်စစ်ဘေးသရုပ်ဖော်ပြဇာတ် ဦးဆောင်ခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့မှာ ဒေသခံ ၅၀ ခန့် ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက စစ်ဘေးဒုက္ခသည်တွေရဲ့ ခံစားချက်တွေကို မေ့ပျောက်ထားတာကို ကန့်ကွက်ကြောင်းနဲ့ စစ်ဘေး ဒုက္ခသည်အရေးဆောင်ရွက်တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန် တို့ကို စက်တင်ဘာ ၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ စစ်ဘေးဒုက္ခသည်တွေ ၈ နှစ်အတွင်း သူတို့ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ထင်ဟပ်တဲ့ သရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ တင်ဆက်ခဲ့ကြအပြီး  ကချင်လူငယ် နှစ်ဦး အရေးယူခံရတာဖြစ်ပါတယ်။

စီရင်ချက်ကို မကျေနပ်တဲ့အတွက်  လာမယ့် စက်တင်ဘာ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း ဆက်လက်ဆန္ဒပြ သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။