ကချင်ပြည်နယ်က သိမ်းဆည်း ယာဉ်တွေ လေလံတင်မယ်


2016.08.02
kachin-parliament-620.jpg ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ကတွေ့ရစဉ်။
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်က တရားရုံးတွေမှာ ဘဏ္ဍာသိမ်းပစ္စည်းအဖြစ် အမိန့်ချမှတ်ပြီး သိမ်းဆည်းထားတဲ့ ယာဉ်မျိုးစုံ ကို လေလံတင် ရောင်းချသွားမယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်း ညွှန့်က ပြောပါတယ်။

မံစီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ဘဏ္ဍာသိမ်းအမိန့်ချမှတ်ခံထားရတဲ့ မော်တော် ယာဉ်မျိုးစုံကို နိုင်ငံတော်ဘဏ္ဍာငွေရရှိရေး အတွက် လေလံတင်ရောင်းချနိုင်ဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးရာ ဝန်ကြီး ဦးဝင်းညွှန့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကချင်ပြည်နယ်အစိုးရအဖွဲ့မှလည်း မော်တော်ဆိုင်ကယ် ၃၂ စီးအား  လေလံတင်ရောင်းချရန်အတွက် အစိုးရအဖွဲ့အစည်း အစည်းအဝေး အမှတ်စဉ် ၇/ ၂၀၁၆ မှာ  အတည်ပြုပြီးဖြစ်ပါကြောင်းနဲ့ ကျန်မော်တော် ဆိုင်ကယ်၊ မော်တော်ယာဉ်မျိုးစုံ  ၂၃ စီးနဲ့ သုံးဘီးဆိုင်ကယ်တစ်စီးတို့ကို အခြားမြို့နယ် တရားရုံးများရဲ့ ပြည်သူ့ဘဏ္ဍာထိန်းယာဉ်များနဲ့အတူ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လေလံတင်ရောင်း ချနိုင်ရေး အမှုတွဲတည်ဆောက်လျက်ရှိပါကြောင်း  ဖြေကြားအပ်ပါတယ်"

အဲ့ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံကြပြီး ကချင်ပြည်နယ်တင်မကဘဲ  မြန်မာတစ်နိုင်ငံ လုံးက တရားရုံးတွေမှာလည်း အလားတူဖြစ် စဉ်တွေရှိနိုင်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာ ငွေရရှိအောင် ဆောင် ရွက်နိုင်ဖို့တိုက်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လေလံတင်ရောင်းချတဲ့အခါ လိုင်စင်မဲ့ယာဉ်တွေကို လိုင်စင်တွေပြုလုပ်ပေးဖို့လည်း ဆွေးနွေးခဲ့ကြ ပါတယ်။ ပြည်နယ်အစိုးရက ဆောင်ရွက်နေပြီဖြစ်တဲ့ အတွက် အဲဒီအဆိုကို လွှတ်တော်က မှတ်တမ်းတင်လိုက် ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို မြစ်ကြီးနား နည်းပညာတက္ကသိုလ်က ကျောင်းသား ၂၈ ဦး အပါအဝင် လေ့လာသူ  ၃၃ ဦးလည်း တက်ရောက် ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။