ကချင်ပြည်နယ်အစိုးရရုံးမှာ ဗုံးပေါက်ကွဲလို့ လူတစ်ဦးသေဆုံး

2022.10.31
ကချင်ပြည်နယ်အစိုးရရုံးမှာ ဗုံးပေါက်ကွဲလို့ လူတစ်ဦးသေဆုံး ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရတဲ့ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးအနီးမြင်ကွင်း။
Photo: Citizen Journalist

ကချင်ပြည်နယ်၊ အစိုးရရုံးမှာရှိတဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်မှာရှိတဲ့ ပြည်နယ်အစိုးရရုံး၊ ဂိတ်တံခါးမပိတ်ခင်အချိန် ည ၆ နာရီခွဲဝန်းကျင်ခန့်က အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်ခဲ့ပြီး ဗုံးပေါက်တဲ့အချိန်အနားမှာရှိနေတဲ့ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးရုံးက ဝန်ထမ်းတစ်ဦး သေဆုံးခဲ့တယ်လို့ ဧရာရပ်ကွက်နေ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အသံလည်းအရမ်းကျယ်၊ မြေတွေတောင်တုန်တယ် အစိုးရရုံးထဲမှာရှိတဲ့ ထွေအုပ်ရုံးမှာပေါက်တာ။ ဘတ္ထရီအိုး လာပို့တဲ့ဘူးဂါးကတစ်ယောက်တော့ သေသွားတယ်လို့တော့ သိထားတယ်”

ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့စည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖားကန့်မြို့နယ် အနန့်ပါလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဖားကန့်မြို့နဲ့ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။