နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား

မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘော တိုးတက်မှု ရှိကြောင်း နိုင်ငံတကာကို အခိုင်အမာ ပြသဖို့ အတွက်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဧပြီ ၁၁ ရက် မနေ့က ပြောကြား လိုက်ပါတယ်။

2011.04.12
joseph_yun_nyan_win_305_z.png အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ဝဲ) နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ) တို့ ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
နေပြည်တော်အစိုးရအနေနဲ့ အရင်ဆုံး ဆောင်ရွက်သင့်တာက အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးဖို့ လိုပါတယ်၊ အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် နှစ်ပေါင်း ၁၀ စုနဲ့ချီ ကျခံနေရတဲ့အတွက် အိုမင်းနေပါပြီ၊ ဒီနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကိစ္စကို မိမိတို့ အကဲခတ် စောင့်ကြည့်နေပါတယ်လို့ ဂျိုးဇက်ဖ် ယွန်က ပြောသွားပါတယ်။

ဒါ့ပြင် အန်အယ်လ်ဒီအပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ အထူး စိုးရိမ်နေကြောင်း၊ မြန်မာ အစိုးရအနေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ လိုအပ်ကြောင်း Mr Yun က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ရဲ့ ရည်ရွယ်ချက် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မစ္စတာ Yun က အခုလို ပြောဆိုခဲ့တာပါ။

အဲဒီအခမ်းအနားမှာ မစ္စတာ ဂျိုးဇက်ယွန်ရဲ့ ပြောကြားချက်တွေထဲက RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။

ကောက်နုတ်တင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။