ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် စစ်တွေကို ရောက်ရှိနေ

2021.11.15
ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် စစ်တွေကို ရောက်ရှိနေ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၂၁၊ နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထောက်တွေနဲ့တွေ့ဆုံခဲ့စဥ်
Photo: RFA

ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ဟာ နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ရောက်ရှိနေပါတယ်။

အခုမနက်ပိုင်းက ရခိုင်ပြည်နယ်စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပြီး စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း အချို့နဲ့ သက်ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းအပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) နဲ့လည်း သွားရောက် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ် ရောက်ရှိလာတဲ့ အကြောင်းနဲ့ပတ်သက်လို့တော့ တိတိကျကျ ထည့်သွင်း ပြောဆိုခဲ့တာ မရှိသေးပါဘူး။

နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက မြန်မာပြည်ကို ရောက်လာတာဖြစ်ပြီး နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်သလို မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး လိုအပ်နေဆဲ ဖြစ်တာကြောင့် ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ ၃ သန်းဖိုးခန့် လှူဒါန်းသွားမယ်လို့လည်း ကျန်းမာရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ၂၀၂၀ခု နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ရပ်တန့်အောင် အဓိက ကြားဝင်ညှိနှိုင်း ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။