ဂျပန်ဦးနှောက်ရောင်ရော ဂါကြောင့် ကချင်ပြည်နယ်မှာ လူနှစ်ဦးသေဆုံး
2014.08.21

ကချင်ပြည်နယ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါပိုး ရှိနေတဲ့ လူနာ ၁၃ ဦးနဲ့ ရောဂါစစ်ဆေးနေဆဲ လူနာ ၉ ဦးရှိပြီး ၂ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးခဲ့တယ် လို့ ပြည်နယ် ကျန်းမာရေးမှူးက ဒီနေ့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း ဂျပန်ဦးနှောက်ရောင်ရော ဂါဖြစ် ပွားနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက် ပြီး ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းလွင်က အခုလိုပြောပါတယ်။
"ကချင်ပြည်နယ်အတွင်းမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ သံသယရှိတဲ့လူနာ ၂၂ ပေါ့၊ သွေးအဖြေအရ ဒီရောဂါကျိန်းသေတဲ့လူ ၁၃ ယောက်၊ ကျနော်တို့ သံသယနဲ့ ဆက်လက် ပြီးတော့ သွေးပို့ထားဆဲက ၉ ယောက်ပေါ့၊ စုစုပေါင်း ၂၂ ယောက်ပေါ့၊ သံသယ လူနာပေါ့နော်၊ အခုထက်ထိ သွေးစစ်ဆေးတဲ့ အဖြေမရသေးပဲနဲ့ ၂ ယောက်တော့ ဆုံးသွားပါတယ်၊ Culex ဆိုတဲ့ ခြင်တစ်မျိုးက ကိုက်ပြီးတော့ ကူးစက်တာ"
ဂျပန်ဦးနှောက်ရောင်ရောဂါသည်တွေဟာ အသက် ၄နှစ်ကနေ ၂၉နှစ်အရွယ်တွေအထိဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းစတဲ့ ခရိုင် ၃ခုက မြို့ရွာတွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာ ပြည်နယ်ကျန်းမာရေးဦးစီးဋ္ဌာနက ရောဂါကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းကလည်း ရခိုင်ပြည်နယ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးခံစားရသူတွေ တွေ့ရှိရကြောင်း သိရပါတယ်။