ဧရာဝတီကာကွယ်ဖို့ လှုံ့ဆော်ပွဲ နာရေးကူညီမူအသင်း ကြီးမှူး ကျင်းပ
2011.09.23

Photo: RFA
ဒီပွဲကို ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းနဲ့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။
ဒီကနေ့ပွဲကို ရုပ်ရှင်၊ ဂီတ၊ စာပေ၊ စာနယ်ဇင်း၊ ကျောင်းသားစတဲ့ အလွှာ အသီးသီးကပုဂ္ဂိုလ်တွေ စုစုပေါင်း တထောင်ကျော်လောက် တက်ရောက်ခဲ့ကြပြီး စာတမ်းဖတ်ကြ၊ ကဗျာရွတ်ကြ၊ ဧရာဝတီသီချင်းတွေ သီဆိုကြသလို၊ ပွဲမတက်ရောက်နိုင်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ လူထု ဦးစိန်ဝင်း၊ စာရေးဆရာ အောင်သင်းတို့ ဗီဒီယိုနဲ့ပေးပို့တဲ့ သတင်းစကားတွေလည်း ဖွင့်ပြကြတယ်လို့ သိရပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဧရာဝတီ ကာကွယ်ရေး လှုပ်ရှားမှုမှာ လူငယ်ထု တရပ်လုံးက အမျိုးသား တာဝန်တရပ် အနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထား သလို၊ ဧရာဝတီဟာ ကမ္ဘာတည်သ၍ တည်တံ့ရမယ့် မြစ်ကြီးတစင်း ဖြစ်တာကြောင့် ဒီကိစ္စ အပေါ်မှာ အစိုးရ တဖွဲ့၊ လွှတ်တော် တရပ်၊ အဖွဲ့အစည်း တခုခုကပဲ ဆုံးဖြတ်လို့ မရနိုင်တဲ့ အကြောင်း ဖေါ်ပြထားတယ်လို့လည်း ပွဲစီစဉ်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်သူက RFA ကို ပြောပါတယ်။
ဒီနေ့ပွဲမှာ စီးပွါးရေး ပညာရှင် ဦးမျိုးမြင့်ရဲ့ စာတမ်း၊ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ စာတမ်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့ ဧရာဝတီကို ဘယ်လို ကာကွယ်လို့ ရတယ်ဆိုတဲ့ စာတမ်းတွေကိုလည်း ဖတ်ကြားခဲ့တယ်လို့ဆိုပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး ဦးနေရိန်ကျော်က စုစည်းတင်ပြပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |