FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်အမှု ဆက်လက်စစ်ဆေး


2018.06.22
dr-thanhtut-622.jpeg FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ် ကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကတွေ့ရစဉ်
Photo: Khaymani Win/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရား လိုပြသက်သေ ၄ ယောက်မြောက်ကို စစ်ဆေးခဲ့ပါတယ်။

ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားနေတယ်လို့ ဒီနေ့ ရုံးချိန်းမှာ RFA ကိုပြောပါတယ်။

“ ကျနော့်ဘက်ကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားနေပါတယ်။ အဲဒီအတွက် ကြိုးစားနေပါတယ်”

တရားလိုပြသက်သေတွေထဲက တစ်ဦးဖြစ်တဲ့ ရဲတိုက်မြို့တော်ကုမ္ပဏီ ဒါရိုက်တာ ဦးနေလင်းကို စစ်ဆေးရာမှာ သူ့ရဲ့ကုမ္ပဏီက ရရှိခဲ့တဲ့တင်ဒါကိစ္စတွေနဲ့ပတ်သက်ပြီး ဒေါက်တာသန်းထွဋ်ရဲ့ရှေ့နေဖြစ်သူက မေးမြန်းခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သတ်လို့ တရားလိုပြသက်သေ ၃၆ ဦးကို တရားရုံးမှာ တင်ပြထားပြီး ရုံးချိန်းကိုတော့ အပတ် စဉ် သောကြာနေ့တိုင်း ချိန်းဆိုထားပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန စီမံကိန်းတွေကနေ ငွေကျပ်သိန်း တစ်ထောင့် ငါးရာကျော် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တာပါ။

လက်ရှိမှာ ဒေါက်တာသန်းထွဋ်အောင်ကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။