စစ်ပွဲတွေရပ်ဖို့ နိုင်ငံ တကာ တောင်းဆို


2017.01.27
shan-refugees-620.jpg ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က သီပေါမြို့နယ် ပန်ခါးကျေးရွာမှာ တွေ့ရစဉ်
Photo: Kan Thar/RFA

မြန်မာနိုင်ငံမြောက်ပိုင်းက အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တွေရဲ့ စစ်ပွဲတွေရပ်ဖို့ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ IRC နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့ပေါင်း ၂၂ ဖွဲ့က မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်စခဲ့တဲ့တိုက်ပွဲတွေမှာ အစိုးရတပ်က လေကြောင်းနဲ့ တိုက်ခိုက်သလို၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ တောက်လျှောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့်အဖွဲ့တွေကို အစိုးရကသွားခွင့်မပေးဘူးလို့ ကချင်ရေးတက်ကြွ လှုပ်ရှားသူ မခွန်ဂျာက AP သတင်းဌာနကို ပြောတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲချက်ကို စစ်တပ်ဘက်ငြင်းဆိုပြီး၊ တည်ဆဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းအရ၊ အစိုးရက ခွင့်မပြုတဲ့အဖွဲ့ ရယ်လို့ တစ်ဖွဲ့မှမရှိဘူးလို့ ဗိုလ်ချုပ်အောင်ရဲဝင်း က ပြောတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။