မြန်မာရွေးကောက်ပွဲစိစစ်ဖို့ အင်ဒိုနီးရှားအမတ်တိုက်တွန်း
2010.11.15

(Photo: AFP)
အင်ဒိုနီးရှား လွှတ်တော်အမတ် ဘူဒီမန် ဆတ်ဂျာမီကိုဟာ အင်ဒိုနီးရှား ပါလီၤမန်မှာ ပြည်တွင်း အုပ်ချုပ်ရေးနဲ့ အထူး အုပ်ချုပ်ခွင့်ရ ဒေသများဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်ပြီး မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အဖွဲ့ဝင် အမတ်တဦးလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၁ အတွက် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။
အင်ဒိူနီးရှားနိုင်ငံဟာ အခု မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၁၂ နှစ်က ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာ နှုတ်ဆိတ်မနေသင့်ဘူးလို့လည်း သူက ပြောပါတယ်။
အင်ဒိူနီးရှားနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံ အတွေ့အကြုံကို တခြားနိုင်ငံတွေ အတုယူနိုင်ဖို့ ပြန်လည် ဝေငှသင့်တယ်လို့ ဆိုပါတယ်။