မြန်မာပြည်ဆိုင်ရာ ကုလ စုံစမ်းရေးကော်မရှင်ဖွဲစည်းရေး အိန္ဒိယ ဝေဖန်
2010.10.28

(Photo: AFP)
ဒီလို ဆောင်ရွက်တာမျိုးဟာ ဆန့်ကျင်ဖက် အကျိုးရလဒ်တွေကိုသာ ရရှိစေမှာဖြစ်ပြီး မြန်မာပြည်တွင်းက အကူအညီလိုနေတဲ့သူတွေ ထိခိုက်သွားရတာနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ် Acquino Vimal က ပြောဆိုခဲ့တာပါ။
ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာမှာလည်း ဒီအကြောင်း ထည့်သွင်းဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
မြန်မာပြည် နိုဝင်ဘာ ရွေးကောက်ပွဲဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရှေ့ကို တလှမ်းတိုးလိုက်ပါ လို့လည်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုကို အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။