အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးမည်

နာမည်ကျော် အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင ်ဒေါက်တာဘွဲ့ မကြာခင် ပေးအပ် တော့မယ်လို့ ပြောလိုက်ပါတယ်။

2012.01.30

နယူးဒေလီမှာရှိတဲ့ Jamia Milia Islamia တက္ကသိုလ်မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ "မြန်မာ သို့မဟုတ် တောင်နဲ့အရှေ့တောင်အာရှ ပေါင်းကူးတံတား" ဆိုတဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ တက္ကသိုလ် ဒုတိယအဓိပတိ မစ္စတာ နာဂျိယန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။

မိမိတို့ တက္ကသိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ အပ်နှင်းဖို့ ရည်ရွယ်ထားကြောင်း အသိပေးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်ဆိုရင်၊ ပြီးတော့ မိမိတို့ တက္ကသိုလ်ကို လာရောက်နိုင်မယ်ဆိုရင် အခမ်းအနားနဲ့ ဂုဏ်ပြု ဘွဲ့နှင်းသဘင် ဆင်ယင် ကျင်းပချင်ပါတယ်လို့ မစ္စတာ နာဂျိယန်းက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ပအို့်ဝ်အမျိုးသား အဖွဲ့ချုပ်နဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ် ၁၅ ဦး၊ အစိုးရမဟုတ်တဲ့ မြန်မာ NGO အဖွဲ့တွေ၊ အိန္ဒိယလွှတ်တော် အမတ်တွေ၊ သံအမတ်တွေ၊ တက္ကသိုလ် ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။